04 December 2008

သံဝေဂ

သူ့ကိုလည်း ငါ မပိုင်၊

ငါ့ကိုလည်း သူ မပိုင်၊

ဘယ်သူကိုမှ ဘယ်သူ မပိုင်၊

ငါ့ကိုယ်သော်မှ ငါ မပိုင်၊

အချိန်တိုင်းက..

သူဖြစ်ချင်သလို ဖြစ်၊

ငါဖြစ်ချင်သလို မဖြစ်၊

လူကသော်လည်း ဥစ္စာကိုပစ်၊

ဥစ္စာကသော်လည်း လူကိုပစ်၊

စင်စစ်မုချ..

အမြဲမရှိ “အနိစ္စ”

ကြောက်စရာ “ဒုက္ခ”

အစိုးမရ “အနတ္တ” ပါတကား။

No comments:

Post a Comment