04 December 2008

မသေခင်ဘာလုပ်ကြမလဲ

သေခြင်းတရားအကြောင်း
ပြောဆိုတာလောက်မင်္ဂလာရှိတာ
လောကမှာ မရှိတော့ပါဘူး ။
သေခြင်းတရားအကြောင်း
တွေးတောခြင်းဟာလည်း
လောကမှာ ကျက်သရေ အရှိဆုံးပါပဲ ။
ဘာလို့လဲဆိုတော့ သေခြင်းတရားကို
အမှတ် ထင်ထင် သတိရနေမှသာ
မသေခင် အခိုက်အတန့်ကာလလေးကို
လုပ်သင့်လုပ်ထိုက်တဲ့အလုပ်
အလုပ်သင့် အလုပ်ထိုက်ဆုံး အလုပ်တွေနဲ့
တန်ဖိုးရှိရှိ အသုံးချသွားနိုင်မှာ ဖြစ်လို့ပါပဲ ။

အလုပ်ပိုတွေ
အကာ အလုပ်တွေကို
အတတ်နိုင်ဆုံးရှောင်ရှားပြီး
အလုပ်လိုတွေ
အနှစ်အလုပ်တွေကို
အစွမ်းနိုင်ဆုံးဆောင်ပွားနိုင်ဖို့
သေခြင်းတရားကို
မဖြစ်မနေ သတိရသင့်ပါတယ် ။

သေခြင်းတရားကို သတိရအောက်မေ့တာ
သေခြင်းတရားကို ဆင်ခြင်ပွားများတာဟာ
စိတ်ညစ်ဖို့ ၊ စိတ်ဓါတ်ကျဖို့ မဟုတ်ပါဘူး ။
စိတ်ခိုင်ဖို့ ၊ စိတ်ဓါတ်မြင့်ဖို့ပါ ။

No comments:

Post a Comment