အရပ်ဆယ်မျက်နှာ၌ရှိကြသော နတ်လူသတ္တ၀ါအားလုံးတို့သည် ဘေးရန်ရောဂါကင်းစင်ကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ
20 December 2009
လူတိုင်း သိစေချင်ပါသည် ၁-၅
စိတ်ဆိုးနေတဲ့ အခါ
ကောင်းတဲ့စိတ်နဲ့
လဲ လိုက်ပါ ။
ရှုပ်နေရင် ရှင်းတဲ့စိတ်
ပူနေရင် အေးတဲ့စိတ်
နောက်နေရင် ကြည်တဲ့စိတ်နဲ့
ချက်ချင်း လဲလိုက်ပါ ။
ကောင်းတာကို
လုပ်ဖို့ လွယ်ရင်
ကောင်းတဲ့ လူ
မကောင်းတာကို
လုပ်ဖို့ လွယ်တယ်ဆိုရင် ..
သူများ
ပေးစာ ကျွေးစာ
တစ်ထောင်ဖိုး
စားရတာထက်
ကိုယ့်လုပ်စာ
တစ်ကျပ်ဖိုးက
ပိုပြီးမြိန်တယ်။
လေးစားထိုက်တဲ့သူရဲ့
စကားကိုမှ
နားထောင်ကြတာ ။
ကိုယ့်စကား
နားထောင်စေချင်ရင်
လေးစားထိုက်အောင်
နေပေါ့ ။
ဝမ်းသာစရာတွေလည်း ကြုံခဲ့ဖူးပါပြီ ။
ဝမ်းနည်းစရာတွေလည်း ဆုံခဲ့ဖူးပါပြီ ။
ဘာမျှ မယ်မယ်ရရ မရှိခဲ့ပါဘူး ။
အသိဥာဏ်တိုးပြီး
လူဖြစ်ကျိုးနပ်တယ်ဆိုလို့
တော်သေးတာပေါ့ ။
ငါ အတော်ဆုံး လို့
ထင်နေရင်
အဖျင်းဆုံး အဆင့်ကို
ရောက်သွားပြီ ။
တခြားပစ္စည်းတွေကို ရောင်းလိုက်ရင်
အရှုံးမဟုတ်ရင်
အမြတ်ရသေးတယ် ။
စိတ်ချမ်းသာမှုကို ရောင်းစားရင်
အရှုံးနဲ့ပဲ ရင်ဆိုင်ရမယ် ။
စိတ်ချမ်းသာမှုကို ဘာနဲ့မျှ
ရောင်းမစားပါနဲ့ ။
ကောင်းတဲ့ အလုပ်ဟာ
နောက်ကျတယ် ဆိုတာ
မရှိပါဘူး ။
လုပ်ငန်း မစရသေးတာပဲ ရှိတယ် ။
စေတနာကောင်းနဲ့
ပြည့်ပြည့်စုံစုံ
ကျွေးလိုက်ရလို့
ဝမ်းသာတယ်ဆိုရင်
သူ စားနိုင်သလောက်
စားတာကိုလည်း
ကျေနပ်နိုင်ပါစေ ။
မမှားသော ရှေ့နေ
မသေသော ဆေးသမား တဲ့
ဒီဖြေဆေးဟာ
ဆေးယဉ်သွားရင်
ရောဂါကျွမ်းတတ်တယ်
မမှားတာ
အကောင်းဆုံးပဲ။
No comments:
Post a Comment