21 December 2009

လူတိုင်း သိစေချင်ပါသည် ၁၁-၁၅

အရေးအကြီးဆုံး
ဆိုတာတွေဟာ
ဘာမျှ မဟုတ်ပါလား လို့
နားလည်ပြီးတော့
ဘာမျှမဟုတ်တဲ့သဘော ကို
သိဖို့က
အရေးအကြီးဆုံးပါပဲ ။


ကိုယ်ဖြစ်ချင်တာတွေသာ
ရှေ့တန်းတင်ရင်
ကိုယ့်အတွက်
အဆင်ပြေသလို
ထင်ရပေမယ့်
အများနဲ့တော့
အဆင်ပြေဖို့ မလွယ်ပါဘူး ။


ကလေးမှားရင် တစ်ပြား
လူကြီးမှာရင် တစ်ဆယ်
ဘယ်အမှားမှ
မကောင်းဘူး
တစ်ဆယ်က
ပိုဆိုးတယ်။


မေတ္တာ ပို့နေရုံနဲ့
မဖြစ်သေးဘူး
မေတ္တာဓာတ်တွေ
ရှိနေဖို့က
အရင် လိုအပ်တယ် ။

ဖြစ်လည်း  ဖြစ်ချင်တယ်
ဖြစ်လည်း ဖြစ်သင့်တယ်
ဆိုရင်တောင်မှ
ဖြစ်နိုင်တာကို
ရွေးပြီးလုပ်ပါ ။


ဖြစ်ချင်တိုင်း
ဓိဌာန်ရင်
အောင်မြင်ဖို့ မလွယ်ဘူး
ဖြစ်နိုင်တာကို
ကြိုးစားမှ
အဓိဌာန် အောင်မယ် ။

ကောင်းတာကို
နားလည်သလောက် လုပ်စမ်းပါ
အလုပ် လုပ်ရင်းနဲ့
နားလည်လာလိမ့်မယ်
သိသလောက် ကျင့်
ကျင့်သလောက်
သိလာလိမ့်မယ် ။


ကိုယ်က ကြိုက်လို့
ကောင်းတာထက်
ကောင်းတာမို့လို့
ကြိုက်တယ် ဆိုရင်
အကောင်းဆုံးကို
ရနိုင်တာပေါ့ ။


အမှန်တရားက
နဂို ရှိပြီးသားပါ

ဖန်တီးလို့ မရပါဘူး
ဖန်တီးထားတဲ့
အမှန်တရား ဆိုတာလည်း
ဘယ်တော့မှ မတည်မြဲသလို
မှန်လည်း မမှန်နိုင်ပါဘူး ။


ကော်ပတ်ရုပ်ကို
လူ အစစ်ထင်ပြီး
ပျော်တတ်တဲ့ ကလေး
ကလေးတွေကို
ကော်ပတ်ရုပ် အစစ်ထင်ပြီး
ပျော်တတ်တဲ့ လူကြီး
ကစားချင်သလို ကစား
ထားချင်သလို ထားလို့ရပေမယ့်
ကော်ပတ်ရုပ်ဟာ ကော်ပတ်ရုပ်ပါပဲ ။

No comments:

Post a Comment