04 December 2008

သြ၀ါဒ ၎

မြတ်စွာဘုရားက
ကြီးပွားချမ်းသာချင်လျှင်
ဘယ်ဂါထာမန္တာန်ကို ရွတ်ပါ။
ရာထူးတိုးမြင့်ချင်ရင်
ဘယ်ဂါထာမန္တာန်ကို ရွတ်ပါ။
အကြံအစဉ် အောင်မြင်ချင်လျှင်
ဘယ်ဂါထာမန္တာန်ကို ရွတ်ပါ လို့
တစ်ခါမျှ မိန့်တော် မမူခဲ့ဖူးပါ ။

အမှန်တော့ ဂါထာမန္တာန်ရွတ်လျှင် ကောင်းကျိုးရတယ်ဆိုတဲ့ အယူအဆဟာ ထေရ၀ါဒကို အမြဲဆန့်ကျင်ခဲ့တဲ့ မန္တာန၀ါရီတို့ရဲ့ အယူအဆပါ ။
အောင်မြင်ကြီးပွားမှုကို မိမိရဲ့ ကံသုံးပါးကသာ စွမ်းဆောင်နိုင်တယ်ဆိုတဲ့ အယူဟာ အယူမှန်ပါ ။
အောင်မြင်ကြီးပွားမှုကို သာသနာပြင်ပဂါထာမန္တာန်တွေက ပေးနိုင်တယ်ဆိုလျှင် အယူမှားပါ ။
ထေရ၀ါရဗုဒ္ဓဘာသာဝင်တိုင်း မန္တာန၀ါရီတို့ရဲ့ အယူမှားကို စွန့်လွှတ်နိုင်ကြပါစေ ။

No comments:

Post a Comment