04 December 2008

ကြည်နူးစရာ ရတနာ

ဗုဒ္ဓသာသနာဝင် မိခင် ၊ ဖခင်တိုင်းဟာ သားစဉ်မြေးဆက်အား ဗုဒ္ဓသာသနာ အငွေ့ဓါတ် ၊ အလေ့ဓါတ် ၊ အတွေ့ဓါတ် ပေးနိုင်အောင် ကြိုးစားကြရမယ် ။ ကြိုးစားလို့ ပေးနိုင်ကြပြီဆိုရင် ရွှေ ၊ ငွေ စတဲ့ ရတနာတို့ကို ရလို့ ၀မ်းသာကြည်နူးရတာထက် သားလိမ္မာ ၊ သမီးလိမ္မာလေးတွေရလို့ ၀မ်းသာကြည်နူးရတာက များစွာသာလွန်ပါတယ် ။

ဘုရားကို မြင်ချင်ရင်

တရားကို မြင်ရင် ဘုရားကို မြင်တယ် ၊ တရားကို သိရင် ဘုရားကို သိတယ် ၊ တရားဂုဏ်ပေါ်ရင် ဘုရားဂုဏ် ပေါ်တယ် ။

No comments:

Post a Comment