အရပ်ဆယ်မျက်နှာ၌ရှိကြသော နတ်လူသတ္တ၀ါအားလုံးတို့သည် ဘေးရန်ရောဂါကင်းစင်ကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ
ချစ်တတ်သူ
ရှားပါးတဲ့ ဇာတ်လမ်း တစ်ပုဒ်
ဖြေရခက်တဲ့ကြိုး
ဗုဒ္ဓဘာသာ ဆိုသည်မှာ
ကျင့်အပ်သောအကျင့်များ
သံဝေဂလင်္ကာ
ငါတို့နေရာ, ဤကမ္ဘာ, တဏှာအုပ်စိုးသည်။
တဏှာစေရာ, မနေသာ, ဖွေရှာဆက်ရသည်။
ရသည့်ဥစ္စာ, ချစ်သူပါ, စွန့်ခွာသွားရမည်။
တကယ့်အရေး, တကယ့်ဘေး, ဘယ်သွေးဘယ်သားမကယ်ပြီ။
ငါနှင့်ရွယ်တူ, ငါ့အောက်လူ, ကြီးသူသေကြများလှပြီ။
ခဏမစဲ, အိုစမြဲ, ကိုယ်လဲသေဘက်နီးခဲ့ပြီ။
ဇရာမီးတောင်, ကိုယ်ထည်းလောင်, သေအောင်မြှိုက်တော့သည်။
မသေရခင်, သွားလမ်းစဉ်, ကြိုတင်ပြင်သင့်သည်။
ဒါနသီလ, ဘာဝနာ, လမ်းသာတွင်လိမ့်မည်။
မဂ္ဂင်ယာဉ်ကြီး, အမြန်စီး, ခရီးထွက်တော့မည်။
အချိန်မဆိုင်းဘဲ ချက်ချင်း အကျိုးရသော ချမ်းသာ
လောကီအာရုံ ကာမဂုဏ် ချမ်းသာဆိုတာ
ခံစားချင်တဲ့စိတ်ဖြစ်တာနဲ့ တပြိုင်နက်
ချက်ချင်းခံစားရတဲ့ ချမ်းသာမျိုး မဟုတ်ပါဘူး ။
မချိန်ယူရတဲ့ ချမ်းသာ ၊ အချိန်ဆိုင်းရတဲ့ ချမ်းသာပါ ။
ဘာအလုပ်လုပ်ပဲလုပ်လုပ်
ပါရမီဖြစ်အောင်လုပ်ဖို့ အရေးကြီးပါတယ် ။
လူမှုစီးပွားမျှော်လင့်ချက်နဲ့
တမလွန်ကောင်းကျိုးတောင့်တချက်တွေကို
ဘေးချိတ်ချောင်ထိုးထားလိုက်ပြီး
နိဗ္ဗာန်ချမ်းသာမျှော်လင့်ချက်နဲ့
အများကောင်းကျိုးတောင့်တချက်တွေကို
ရှေ့တန်းတင် ဦးညွတ်ထားလိုက်ရင်
လုပ်သမျှ ပါရမီ ဖြစ်ပါပြီ ။
ပါရမီမြောက်တဲ့ အလုပ်တိုင်းဟာ
လက်ငင်းချမ်းသာတဲ့ အကာလိက အလုပ်တွေပါပဲ ။
မသိခြင်း ငါးပါးနဲ့ အသက်ရှင်နေတဲ့ဘဝ
၁။ ဇိဝိတ ၊ ဘယ်အသက်အရွယ်မှာ သေမယ်ဆိုတာလည်း မသိနိုင်ကြဘူး ။
၂။ ဗျာဓိ ၊ ဘယ်အနာရောဂါနဲ့ သေရမယ်ဆိုတာကိုလည်း မသိနိုင်ကြဘူး ။
၃။ ကာလ ၊ သေရမယ့် အချိန်ကိုလည်း မသိနိုင်ကြဘူး ။
၎။ ဒေဟနိက္ခေပန ၊ သေပြီးတဲ့နောက် မိမိရဲ့အလောင်းကောင်ကို ဘယ်နေရာမှာ ပစ်ချခံရမလဲ ဆိုတာကိုလည်း မသိနိုင်ကြဘူး ။
၅။ ဂတိ ။ သေလွန်ပြီးနောက် ဘယ်ဘ၀ကို လားရောက်ရမယ် ၊ ဘယ်ဂတိကို သွားရမယ်ဆိုတာလည်း ကြိုပြီးတော့ မသိနိုင်ကြဘူး ။
အသက်ငယ်ရွယ်တုန်း ကာမဂုဏ်ခံစားပြီး
အသက်ကြီးရင့်မှ တရားအားထုတ်မယ်လို့
နှလုံးသွင်းထားသူတွေ အတွက်
တကယ်လို့များ ငယ်တုန်းရွယ်တုန်း
သေဆုံးသွားခဲ့ရင် တရားအားထုတ်ဖို့
အချိန်ကောင်း အခွင့်ကောင်းတွေ
လက်လွတ်ဆုံးရှုံးသွားပါလိမ့်မယ် ။
လောကဓံခံနိုင်ရည် ရှိဖို့နဲ့
ဘ၀မှာ လိုအင်ဆန္ဒတွေ မများဖို့အတွက်
တနေ့ကျရင်သေရမှာပဲ လို့
သေခြင်းတရားနဲ့ပတ်သတ်ပြီး
ဆင်ခြင်ကြရပါမယ် ။
စိတ်ကောင်း နှလုံးကောင်း ရှိဖို့နဲ့
ဝိပသနာစိတ်ကလေး
အဆက်မပြတ်ဖြစ်ဖို့အတွက်
အချိန်မရွေး သေနိုင်တယ်
ခဏနေရင် သေသွားနိုင်တယ် လို့
သေခြင်းတရားနဲ့ ပတ်သတ်ပြီး
ဆင်ခြင်ကြရပါမယ် ။
သေခြင်းတရားကို အမြဲသတိရှိတော့
နေခြင်းတရားမှာလည်း
အမြဲ သတိလွှမ်းမိုးနေတော့တာပေါ့ ။
အသေမမေ့ရင် အနေမမေ့တာ သဘာဝပါပဲ ။
သာသနာနှင့်တွေ့ရခိုက်
ဘုရားသာသနာတော်တွင်းမှာလူဖြစ်ပါလျက်
ဝိပဿနာကုသိုလ်မှရမသွားဘူးဆိုရင်
သာသနာတော်နှင့် တွေ့ရကျိုးမနပ်ဘူး။
ဘာကြောင့်လဲဆိုတော့ ဒါန၊ သီလ၊ သမထ
ကုသိုလ်ဆိုတာတွေက သာသနာပမှာလည်းရှိတယ်။
ဝိပဿနာကတော့ သာသနာပမှာမရှိဘူး။---- ဒါ့ကြောင့်ပါပဲ။
ကံသာလျှင်အမိ၊ ကံသာလျှင်အဖ
၁။ သူ့ကိုသတ်ဖြတ်၊ သက်တိုတတ်၊ မသတ်အသက်ရှည်။
၂။ ညှဉ်းဆဲသူကား၊ အနာများ၊ သနားကျန်းမာသည်။
၃။ ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံ လှပသည်။
၎။ မနာလိုမှာ၊ ခြွေရံကွာ၊ ကြည်သာ ခြွေရံစည်။
၅။ မပေးလှူက၊ မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။
၆။ မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေမျိုးမြတ်သည်။
၇။ မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်းဥာဏ်ကြီးသည်။
၈။ ဆိုးတာပြုက၊ ဆိုးတာရ၊ ကောင်းမှကောင်းစားသည်။
၉။ ဆိုးကောင်းနှစ်တန်၊ကံစီမံ၊ ခံစံကြရသည်။
အောင်ခြင်းရှစ်ပါး ကဗျာများ
၁။ ခြောက်ဘုံပိုင်ငြား မာရ်နတ်သားမှာ၊
တစ်ထောင်လက်ရုံး သူ့ဘုန်းဖန်ကာ။
နတ်စစ်သည်ပေါင်း ထောင်သောင်းနှင့်သာ၊
ပလ္လင်တွက် စစ်ဖက်ပြိုင်လုလာ။
မြတ်ဘုရားက ဒါနညွှန်ရာ၊
မြေ လေခြိမ့်အုံး ထစ်ချုန်းလာကာ။
ကြောက်လန့်မာရ်ယုတ် နောက်ဆုတ်ပြေးခွာ၊
အခေါင်နင်း အောင်ခြင်း ပထမ မင်္ဂလာ။
၂။ မာရ်နတ်သားထက် ဆထက်လွန်ကာ၊
အာဠာဝက ကြမ်းလှမှန်စွာ။
ညဥ့်သုံးယံလုံး ပစ်မှုန်းလေကာ၊
လက်နက်စွဲ ပြိုင်ပွဲသူပြုလာ။
သည်းခံစိတ်သုံး ရွှင်ပြုံးကြည်သာ၊
မြတ်ဘုရားက ဆုံးမလေရာ။
ထံတော်ပါးသို့ ၀တ်တွားဝင်လာ၊
အခေါင်နင်း အောင်ခြင်း ဒုတိယ မင်္ဂလာ။
၃။ နာဠာဂီရိ မည်ရှိကြေငြာ၊
ကြမ်းတမ်းလေငြား ထင်ရှားမှန်စွာ။
မုန်ယိုယစ်မူး ရူးတဲ့အခါ၊
စေလွှတ်ငြား ဘုးရားထံသို့သာ။
ရာဟုလာသား မခြားမှန်စွာ၊
ဗုဒ္ဓမြတ်ဖျား ထားငြားမေတ္တာ။
ဆင်ပြောင်ကြီးက ဦးချနေရှာ၊
အခေါင်နင်း အောင်ခြင်း တတိယ မင်္ဂလာ။
၎။ အင်္ဂုလိမာ နာမကြေငြာ၊
လူမြင်ရာဖမ်း ကြမ်းတမ်းသတ်ကာ။
လက်ညှိုးပန်းများ ဆင်ထားမှန်စွာ၊
မြတ်ဘုရား သတ်ငြားသူလိုက်ရှာ။
လိုက်ရင်းတွေးဆ ဗုဒ္ဓထံမှာ၊
ခိုဝင်ဝပ်လျှိုး ရှိခိုးလေရာ။
ဧဟိဘိက္ခု ခေါ်ပြုမှန်စွာ၊
အခေါင်နင်း အောင်ခြင်း စတုတ္ထ မင်္ဂလာ။
၅။ စိဉ္စမာန အလှကညာ၊
ဆရာတိတ္ထိ စိတ်ရှိစေရာ။
ကိုယ်ဝန်ဟန်ထား သစ်သားကိုသာ၊
လူ့ဘုရား မုသားစွပ်စွဲလာ။
ငါနှင့်မယ်မင်း ဖြစ်ခြင်းကိုသာ၊
သိစေသားဟု ဘုရားမိန့်ရာ။
နတ်တို့ဖျက်ချ ရှက်ရစိဉ္စာ၊
အခေါင်နင်း အောင်ခြင်း ပဉ္စမ မင်္ဂလာ။
၆။ သစ္စကပရိဗိုဇ် သူမိုက်နာမာ၊
ပြိုင်သူဖက်ကင်း ထက်ခြင်းပညာ။
ဝါဒပြိုင်ပွဲ ဆင်နွဲမည်သာ၊
လူ့ဘုရား ထံပါးလာကြရှာ။
အနတ္တနှင့် အတ္တဆိုရာ၊
အနတ္တစစ် ဖြစ်တော့လေကာ။
ဆရာသစ္စက ရှုံးရသည်သာ၊
အခေါင်နင်း အောင်ခြင်း ဆဋ္ဌမ မင်္ဂလာ။
၇။ နန္ဒောပနန္ဒ နာမထန်စွာ၊
မြင်းမိုရ်တောင်လုံး ပတ်ဖုံးခွေကာ။
ကြောက်ဖွယ်ကြီးမား ပြုငြားမှန်စွာ၊
လူ့ဘုရား စော်ကားလေတော့တာ။
သားတော်ရှင်မောဂ် တင်မြှောက်ထိုခါ၊
နည်းလမ်းပြ၍ ဆုံးမစေရာ။
လူ့သွင်ဖန်ဆင်း ၀ပ်ဆင်းဝင်လာ၊
အခေါင်နင်း အောင်ခြင်း သတ္တမ မင်္ဂလာ။
၈။ ဗကမည်ငြား မှတ်သားဗြဟ္မာ၊
ပဈာန်ဘုံသား ဖြစ်ငြားမှန်စွာ။
စည်းစိမ်ယစ်မူး အထူးသာယာ၊
သူ့စိတ်ထဲ ဒါဘဲပြည်ခေမာ။
ဗြဟ္မာဘုံသို့ ကြွလို့မှန်စွာ၊
သင်္ခါရလမ်း မျှော်မှန်းစေရာ။
မှားတာဝန်ချ ဗကဗြဟ္မာ၊
အခေါင်နင်း အောင်ခြင်း အဋ္ဌမ မင်္ဂလာ။
ဒုက္ခသစ္စာ
ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်တရား) ဆိုသည်မှာ ဘ၀အသစ် ဖြစ်ရခြင်းကြောင့် ဆင်းရဲခြင်း၊ အိုရခြင်းဆင်းရဲ၊ နာရခြင်းဆင်းရဲ၊ သေရခြင်းဆင်းရဲတို့အပြင် စိုးရိမ်ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွားပူပန်ခြင်းစသော ဆင်းရဲခြင်းအပေါင်းကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ၄င်းအပြင် မချစ်မနှစ်သက်အပ်သော ပုဂ္ဂိုလ်အာရုံတို့နှင့် တွေ့ဆုံယှဉ်တွဲရခြင်းဆင်းရဲ၊ ချစ်ခင်နှစ်သက်အပ်သော ပုဂ္ဂိုလ်အာရုံတို့နှင့် ကွဲကွာရခြင်းဆင်းရဲ၊ လိုချင်လျက် မရခြင်းဆင်းရဲ၊ အကျဉ်းချုပ်အားဖြင့် ငါ။ ငါ့ဟာ စသည်ဖြင့် စွဲလမ်းတတ်သော ဥပါဒါနက္ခန္ဓာ (ခန္ဓာငါးပါး)ကို ရရှိခြင်း ဆင်းရဲစသော ဆင်းရဲခြင်းမျိုးအားလုံးကို ဒုက္ခသစ္စာဟု ခေါ်ဆိုပါသည်။
လောကီနယ်ပယ် လူ တိရစ္ဆာန် စသည်တို့၏ ဘ၀သက်တမ်း တလျှောက်တွင် သာယာပျော်ရွှင်မှုဟု ဆိုအပ်သော လောကီချမ်းသာခြင်းများနှင့်  လောကီ ဈာန်ချမ်းသာတို့သည်ပင် ဒုက္ခ(ဆင်းရဲခြင်း) ဟူ၍ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့လေသ ည်။
ဒုက္ခသဘောကို ၃-မျိုး ခွဲခြား မှတ်သားနိုင်သည်။
(၁)သာမန်ဆင်းရဲခြင်းသဘော ဒုက္ခဒုက္ခ၊
(၂)ဖောက်ပြန်ပျက်စီးမှုကြောင့် ဖြစ်ပေါ်ရသော ၀ိပရိဏာမဒုက္ခ၊
(၃)ပြုပြင်စီရင်ခြင်းခံရသည့်  သဘော သင်္ခါရဒုက္ခ။
လောကတွင် တွေ့ကြုံခံစားကြရသော ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ မချစ်မနှစ်သက်အပ်သော သတ္တ၀ါသင်္ခါရတို့နှင့် အတူတကွ ပေါင်းယှဉ်ရခြင်း၊ ချစ်ခင်နှစ်သက်အပ်သော သတ္တ၀ါသင်္ခါရတို့နှင့် ကွေကွင်းခွဲခွာရခြင်း၊ မိမိလိုအင်ဆန္ဒ မပြည့်ဝခြင်း၊ စိုးရိမ်ပူဆွေးရခြင်း၊ ငိုကြွေးရခြင်း၊ စိတ်နှလုံး မသာယာခြင်း သည့် ကိုယ်စိတ်နှစ်ဖြာ ငြိုငြင်ပင်ပန်းခြင်းတို့သ ည် သာမန်ဆင်းရဲခြင်း အနက်သဘောရှိသာ ဒုက္ခဒုက္ခတွင် အကျုံးဝင်လေသည်။
သင်္ခါရဒုက္ခကို နားလည်သဘောပေါက်ရန် သတ္တ၀ါ, ပုဂ္ဂိုလ်, ငါ ဟူသော သဘောတရားများ၏ အရင်းအမြစ်ကို နားလည်ရန် လိုအပ်ပေသည်။ သတ္တ၀ါ ပုဂ္ဂိုလ် ငါ ဆိုသည်မှာ အစဉ်အမြဲ ပြောင်းလဲဖြစ်ပျက်နေသော ရုပ်နာမ်တို့၏ အစုအဝေး (ပဉ္စုပါဒါနက္ခန္ဓာ) သည် ဒုက္ခဆင်းရဲခြင်း ဖြစ်သည်။ ထို့ကြောင့် သတ္တ၀ါသည် ခန္ဓာငါးပါး၊ ခန္ဓာငါးပါးသည် ဒုက္ခဆင်းရဲခြင်းဖြစ်သည်။
သတ္တ၀ါ လူ ငါ ဟူသော ခန္ဓာငါးပါးသည် မတည်မြဲ၊ အစဉ်ဖောက်ပြန်ပြောင်းလဲလျက်ရှိ၏ ။ မတည်မြဲသမျှသည် ဒုက္ခဆင်းရဲခြင်းပင် ဖြစ်သည်။
ဤဒုက္ခသစ္စာကို ကောင်းစွာသဘောပေါက် နားလည်ရန် အလွန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ခဟောကြားတော်မူသည့်အတို င်း ဒုက္ခ ဆင်းရဲခြင်းကို မြင်သောသူသည် ဆင်းရဲဖြစ်ပေါ်ကြောင်းကိုလည်း မြင်၏။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ကိုလည်း မြင်၏။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ သွားရာလမ်းကြောင်း ရောက်ကြောင်း အကျင့်ကိုလည်း မြင်၏။ ထိုသို့ မြင်နိုင်သောကြောင့် ဒုက္ခသစ္စာကို ကောင်းစွာ သဘောပေါက် နားလည်ရန် အလွန် အရေးကြီးပါသည်။
အမွန်မြတ်ဆုံး
လောကဓံတရား ရှစ်ပါးတို့နှင့်
တွေ့ကြုံရသောအခါ
မြင့်မြတ်သူ၏စိတ်သည်
မတုန်လှုပ် မစိုးရိမ်
ရမ္မက်ကင်း၏
အမျက်ကင်း၏
ဤတရားလေးပါးသည်
အမွန်မြတ်ဆုံး
မင်္ဂလာတို့ပေတည်း
နောင်တတရား ၁ဝ-ပါး
ဥစ္စာငယ်ခါ မဖွေရှာ
နောင်ခါနောင်တ ရတတ်သည်
ပညာငယ်ခါ မဖွေရှာ
နောင်ခါနောင်တ ရတတ်သည်
စဉ်းလဲယုတ်မာ အချစ်ဖျက်ရှာ
နောင်ခါနောင်တ ရတတ်သည်
သနားမဲ့ခါ သက်သတ်ရှာ
နောင်ခါနောင်တ ရတတ်သည်
သူမယားအား ပြစ်မှားငြား
နောင်ကားနောင်တ ရတတ်သည်
ပစ္စည်းရှိခါ မလှူရှာ
နောင်ခါနောင်တ ရတတ်သည်
မွေးမြူမိဘ မပြုက
နောင်တနောင်ခါ ရတတ်သည်
ဆုံးမသြဝါ မလိုက်နာ
နောင်ခါနောင်တ ရတတ်သည်
ပညာရှိထံ နည်းမခံ
အမှန်နောင်တ ရတတ်သည်
အမြတ်တရား မကျင့်ငြား
နောင်ကားနောင်တ ရတတ်သည်
သြ၀ါဒ ၁၂
ဟိုဒကာမကြီး မလှူချင်၊
အထုပ်ကလေး တပြင်ပြင်၊
အထုပ်ရှင်မှာ သေလို့သွား၊
ကျန်တဲ့သူက ဝေလို့စား၊
သေတဲသူတော့ အလကား၊
ထုပ်မဲ့ထုပ် လုံအောင်ထုပ်၊
သိမ်းမဲ့သိမ်း လုံအောင်သိမ်း၊
သောကရင်မှာ ငြိမ်း။
သြဝါဒ ၁၁
ကိုယ့်ကိုမုန်းသူ လောကလူ
မည်သူဖြစ်သနည်း
မကောင်းပြုသူ ပြောကြံသူ
မုန်းသူဖြစ်သတည်း
ကိုယ့်ကိုချစ်သူ လောကလူ
မည်သူဖြစ်သနည်း
ကောင်းတာပြုသူ ပြောကြံသူ
ချစ်သူဖြစ်သတည်း
သြ၀ါဒ 10
အမျက်ထွက်သူကို
အမျက်မထွက်သူက
အမြဲနိုင်၏
မကောင်းပြောသူကို
အကောင်းပြောသူက
အမြဲနိုင်၏
စေးနဲသူကို
ပေးကမ်းသူက
အမြဲနိုင်၏
မုသားပြောသူကို
သစ္စာဆိုသူက
အမြဲနိုင်၏
ပစ္စုပ္ပန်ကိုတည့်တည့်ရှုကြပါ
-ဖြစ်ပြီးအဟောင်း၊တိတ်ဇာတ်ကြောင်းကို
ပြန်ပြောင်းစဉ်းစား၊မငြီးတွားနှင့်။
-နောင်ခါဖြစ်လတ်၊အနာဂတ်ကို
ဇာတ်ကြောင်းတွေးတော၊စိတ်မမောနှင့်။
-ဖြစ်ဆဲဧကန်၊ပစ္စုပ္ပန်ကို
ဝေဖန်ညဏ်ရှု၊စဉ်းစားမှုဖြင့်
ပူမှုကင်းစွာနေစမ်းပါလော့။
-သို့ပါလေမှ၊သင့်ဘ၀၀ယ်
ဒုက္ခကင်းစွာ၊ချမ်းသာလာလိမ့်။
ခင်ပွန်းကြီး ၁၀ ပါး ကန်တော့နည်း
ဘုရားတပည့်တော်သည် သံသရာ အစမှစ၍ ယနေ့တိုင်အောင်
• ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌
• ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစေကဗုဒ္ဓရှင် ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌
• ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက ၊ မဟာသာဝကရဟန္တာ အရှင်မြတ်ကြီးတို့ အပေါ်၌
• ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့ အပေါ်၌
• ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့ အပေါ်၌
• ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့ အပေါ်၌
• ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြု၍ ဆုံးမတတ်သော ဆရာသမားတို့ အပေါ်၌
• ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ် ၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်သော လူပုဂ္ဂိုလ် ၊ ရဟန်းပုဂ္ဂိုလ်တို့ အပေါ်၌
• ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့ အပေါ်၌
• ထမင်းတစ်လုပ် ၊ ရေတစ်မှုတ် စသည်ဖြင့် ပေးကမ်းချီးမြှင့် ထောက်ပံ့ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့ အပေါ်၌
ကာယကံ ၊ ၀စီကံ ၊ မနောကံ သုံးပါးသော ကံတို့ဖြင့် ပြစ်မှားမိခဲ့သည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုးí ရှိခိုးပါ၏ဘုရား …
ဤသို့ ရှိခိုးပူဇော်ဖူးမြော်မာန်လျော့ ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် အလုံးစုံသော ဘေးရောဂါ အန္တရယ် အပေါင်းတို့မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြားတော်မှုသော သစာလေးပါး မြတ်တရားကို ကောင်းစွာသိမြင်၍
နိဗာန်သို့ ၀င်နိုင်သောကိုယ် ဖြစ်ပါရစေသား အရှင်ဘုရား …
လောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း တောင်းတတိုင်း လွယ်ကူလျင်မြန်စွာ ပြည့်စုံí နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသား အရှင်ဘုရား …
ခင်ပွန်းကြီး ၁၀ ပါးအား ပြစ်မှားသူတို့ ကြုံရမည့် ဒဏ် ၁၀ ပါး
1. ပြင်းထန်သော ဦးခေါင်းနာ စသည့် ဝေဒနာများဖြစ်ခြင်း
2. ပိုင်ဆိုင်သော ဥစာ ပစည်းများ ဆုတ်ယုတ်ပျက်စီးခြင်း
3. လက် ခြေ ပြတ်ခြင်း ၊ ကိုယ်အင်္ဂါ ပျက်စီးခြင်း
4. ကုသ၍မရနိုင်သော ကြီးလေးသည့် ရောဂါများဖြစ်ခြင်း
5. ရူးသွပ်ခြင်း ၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း
6. မင်းပြစ် ၊ မင်းဒဏ် ခံရခြင်း
7. မတရားသဖြင့် စွပ်စွဲခံရခြင်း
8. ဆွေမျိုးကောင်း ၊ မိတ်ဆွေကောင်း မရရှိခြင်း
9. စည်းစိမ်ဥစာ အခြွေအရံများ ပျက်စီးခြင်း
10. နေရာ တိုက် အိမ် မီးလောင်ပျက်စီးခြင်း
ပစုပ္ပန်ဘ၀၌ ထိုဒဏ် ၁၀ ပါး သင့်မည့်အပြင် သေလွန်သည့်အခါ၌လည်း အပါယ်ငရဲသို့ ကျရောက်နိုင်ပါသည် ။
ခင်ပွန်းကြီး ၁၀ ပါးအား ပူဇော်ခြင်း အကျိုး
1. အစားအစာ မရှားပါးခြင်း
2. ရောက်ရာအရပ်၌ လေးစားပူဇော်ခံရခြင်း
3. ရန်သူမျိုးငါးပါးနှင့် ကင်းဝေးနိုင်ခြင်း
4. လူချစ်လူခင် ပေါများခြင်း
5. ပရိသတ်အလယ် တင့်တယ်စွာ နေနိုင်ခြင်း
6. ကောင်းသတင်းဂုဏ် ကျော်စောခြင်း
7. အခြွေအရံ များခြင်း
8. စီးပွားဥစာ ဖွံ့ဖြိုးတိုးတတ်ခြင်း
9. ဘေးဒုက္ခကြုံသော် အကူအညီရခြင်း
10. သားကောင်း သမီးကောင်း ရရှိနိုင်ခြင်း
DOWNLOAD ရယူနိုင်သော စာအုပ်များ
- ကုသိုလ်နှင့် အကုသိုလ်
- ရုပ်စုံဗုဒ္ဓသာသနာဝင်
- ဇာတ်ကြီးဆယ်ဘွဲ့
- ကောင်းမှုတော်ဘုရားသမိုင်း
- အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့ဥစ္စာ
- အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့အလှူ
- အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့အဖေါ်
- အရှင်ဆန္ဓာဓိက _ အနိုင်းမဲ့ဘာဝနာ
- အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့ရဟန်း
- အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့ကုသိုလ်
- အရှင်ဆန္ဒာဓိက _ နှလုံးသားမိတ္တူ
- အရှင်ဆန္ဒာဓိက _ မိဘကျေးဇူးအကျေဆပ်နည်း
- အရှင်ဆန္ဒာဓိက _ အချစ်ကံခေပေမဲ့အနှစ်ကျန်စေရမယ်
- အရှင်ဆန္ဒာဓိက _ သက်သတ်လွတ်နှင့်ကုသိုလ်စိတ်
- အရှင်ဆန္ဒာဓိက _ လောက၌အကောင်းဆုံးသောအရာ
- သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာအမေးအဖြေများ
- ဓမ္မစကြာတရားတော်နှင့်အနတ္တလက္ခဏသုတ်တရားတော်
- ဗုဒ္ဓဟောမြွက်တရားဦးဓမ္မစက်
- မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ
- မေတ္တသုတ်
- ဗုဒ္ဓဘာသာကောင်းတစ်ယောက်
- သပြေကန်တရားပေါင်းချုပ် အမှတ် ၂
- သပြေကန်တရားပေါင်းချုပ် အမှတ် ၁
- နိဗ္ဗာန်ချမ်းသာ တရားတော်များ
- အဘိဓမ္မာပရမတ္ထသံခိပ်ကျမ်း သံပေါက်လင်္ကာ
- လယ်တီနိဗ္ဗာန်တရားတော်များ
- သောတာပန်ဖြစ်ဖို့နှစ်ချက်
- သစ္စာ၎ပါးတရားတော်
- ဗုဒ္ဓညွှန်ကြား မသေဆေးတရား
- ဓမ္မဒဿနသြ၀ါဒများ
- တရားချစ်တဲ့သူ
- ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ်
- ဗုဒ္ဓဘာသာစာရိတ္တပညာနှင့် ကျင့်ဝတ်များ
- ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်လူသူ တစ်ယောက်အကြောင်း
- ရောင်စုံရုပ်ပြပဋ္ဌာန်း၂၄ပစ္စည်းနှင့်ရှင်းချက်များ
မြန်မာစံတော်ချိန်
ပုတ်ကြီး
Blog Archive
-
▼
2009
(28)
-
▼
October
(20)
- ချစ်တတ်သူ
- ရှားပါးတဲ့ ဇာတ်လမ်း တစ်ပုဒ်
- ဖြေရခက်တဲ့ကြိုး
- ဗုဒ္ဓဘာသာ ဆိုသည်မှာ
- ကျင့်အပ်သောအကျင့်များ
- မြတ်ဗုဒ္ဓ၏တရားသည် တိုးတက်ခြင်းကို ပိတ်ဆို့ပါသလား မ...
- သံဝေဂလင်္ကာ
- အချိန်မဆိုင်းဘဲ ချက်ချင်း အကျိုးရသော ချမ်းသာ
- မသိခြင်း ငါးပါးနဲ့ အသက်ရှင်နေတဲ့ဘဝ
- သာသနာနှင့်တွေ့ရခိုက်
- ကံသာလျှင်အမိ၊ ကံသာလျှင်အဖ
- အောင်ခြင်းရှစ်ပါး ကဗျာများ
- ဒုက္ခသစ္စာ
- အမွန်မြတ်ဆုံး
- နောင်တတရား ၁ဝ-ပါး
- သြ၀ါဒ ၁၂
- သြဝါဒ ၁၁
- သြ၀ါဒ 10
- ပစ္စုပ္ပန်ကိုတည့်တည့်ရှုကြပါ
- ခင်ပွန်းကြီး ၁၀ ပါး ကန်တော့နည်း
-
▼
October
(20)
