ကုသိုလ်ကောင်းမှု နေ့စဉ်ပြု

ဒါနမပါ၊ ဖြစ်လေရာ၊ ဥစ္စာမွဲတက်သည်။
ဥစ္စာမွဲက၊ လူ့ဘ၀၊ အောက်ကျလွန်းလှသည်။
သီလမပါ၊ ဖြစ်လေရာ၊ ရောဂါထူတက်သည်။
ရောဂါထူက၊ မရွှင်ပြ၊ ဒုက္ခကြီးလှသည်။
ဘာဝနာမပါ၊ ဖြစ်လေရာ၊ ပညာမဲ့တက်သည်။
ပညာမဲ့က၊ လူ့ဘ၀၊ အသုံးမကျပြီ။
ဒါန၊ သီလ၊ ဘာဝနာ သုံးဖြာပြုသင့်သည်။
ကုသိုလ်မပါ၊ သံသရာ၊ ရှည်ကြာဆင်းရဲသည်။
ကုသိုလ်ပြုမှ၊ ကောင်းကျိုးရ၊ ဒုက္ခကင်းဝေးမည်။
ဒုက္ခကင်းလို၊ များလူဗိုလ်၊ ကုသိုလ်ပြုရမည်။

1 comments:

Unknown said...

ညီမရေ...ကျေးဇူးပဲနော်
အစ်မတို့ကို
ဒီ post လေးနဲ့ သတိပေးလို့လေ .......

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates