လူတိုင်း သိစေချင်ပါသည် ၆-၁၀

အမြင့်ရောက်မှ
အမြင်ကျယ်တာထက်
အမြင်ကျယ်လို့
အမြင့်ရောက်တာက
ပိုကောင်းတယ် ။


ဘေး ကို
ကြည့်လွန်းအားကြီးရင်
ဘေး တွေ့တတ်တယ် ။


ဖြစ်ချင်တာကို
ဦးစားပေးခဲ့လွန်းလို့
ဖြစ်နိုင်တာတွေပါ
ဆုံးရှုံလိုက်ရပြီ ။
ဖြစ်နိုင်တာကိုသာ
ဦးစားပေးရင်
ဖြစ်ချင်တာတွေပါ
အားလုံး ဖြစ်လာမယ် ။


လုပ်သင့်တာကို
မလုပ်မိရင်
မလုပ်သင့်တာတွေ
လုပ်မိနေတတ်တယ် ။


တစ်ခါမှားမိရင်ပဲ
ပေးဆပ်ရတဲ့ အကြွေးက
တိုး ရင်း ပေါင်း
များလှပါတယ် ။
ပေးဆပ်လို့ မရနိုင်တဲ့
အမှားမျိုးကတော့
အဆိုးဆုံးပဲ ။


အထွတ်အထိပ်ကို
ရောက်သွားသူတိုင်း
အခက်အခဲတွေကို
ရင်ဆိုင်ခဲ့ရတာချည်းပါပဲ


မြင်တဲ့ အတိုင်း
အမှန် ဖြစ်မှ
အမှန် အတိုင်း
မြင်တယ် ခေါ်တယ်
မြင်တဲ့ အတိုင်း
မှန် မမှန်
ကြားတဲ့ အတိုင်း
မှန် မမှန်
ဆန်းစစ်ရမယ်


အရာရာကို
အောင်မြင်နိုင်ဖို့
မိမိရဲ့
အရာရောက်မှုကို
မြှင့်တင်ပေးရမယ်


အဟုတ်ပါလားလို့
ထင်ထားသမျှတွေဟာ
လွဲနေတတ်သလို
မဟုတ်ဘူးလို့
မြင်ထားသမျှတွေကလည်း
မှန်နေတတ်ပြန်တယ်


ကိုယ့်စကားကို
သူ နားထောင်စေချင်ရင်
သူ့စကားကို
အရင် သေသေချာချာ
နားထောင်ပေးလိုက်ပါဦး

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates