ယုံကြည်မှုသက်သက်နဲ့
မျက်စိမှိတ်ပြီး
အားကိုးရှာ တတ်သလို
အသိဥာဏ်နဲ့
တစ်ဖက်သတ်ချိန်ထိုးပြီးလည်း
ရှာတတ်ကြတယ်
ယုံကြည်မှုနဲ့ အသိဥာဏ်
ညီမျှမှ အားကိုးရာ အစစ်
တွေ့မယ် ။
လူမှုရေးဆိုတဲ့ ကြိုးနဲ့
လူ့ဘောင်ကို ၀ိုင်းခပ်ထားတယ်
လူကို မမှုရင်
လူ့ဘောင်ရဲ့ဘေးရောက်မယ်
လူကို မှုနေရင်လည်း
ဒီအသိုင်းအ၀ိုင်းက
မထွက်နိုင်တော့ဘူး ။
ဂရုမစိုက်လို့
လူကို မမှုတဲ့ လူမှုရေး
ဂရုစိုက်ပြီး
လူကို မှုတဲ့ လူမှုရေး
ဂရုစိုက်ပြီး
လူကို မမှုတဲ့ လူမှုရေးလို့
သုံးမျိုး ရှိတယ် ။
အခက်အခဲ ဆိုတာ
ဥာဏ်နုံ့သူအတွက်
ဘ၀ တစ်ခုလုံး
ကျိုးပျက်သွားတတ်ပေမယ့်
အသိဥာဏ်ရှိသူအတွက်
ဘ၀ကြီး တစ်ခုလုံး
တိုးတတ်သွားနိုင်တယ် ။
အလုပ် လုပ်သူက
အပြော မသန်
အပြော သန်သူက
အလုပ် မလုပ်
ပြောသလောက် လုပ်ပြီး
လုပ်သလောက် ပြော
အပြောနည်းပြီး
အလုပ် လုပ်တာ
အကောင်းဆုံးပဲ ။
လုံးလ ရှိသူက လက်ရုံးအားကိုး
ကြင်နာတတ်သူက
နှလုံးသားနဲ့ စဉ်းစား
စည်းကမ်းရှိသူက
ကိုယ်ကျင့်တရား လက်ကိုင်ထား
အသိဥာဏ်ရှိသူက
ဦးနှောက်နဲ့ ဆုံးဖြတ်
မြင့်မြတ်သူက
အမှန်တရားပေါ် ရပ်တည် ။
အကြိုက်ချင်း မတူကြပါဘူး
ကောင်းတာကို ကြိုက်ရင်
ကောင်းကြောင်းတော့
ပြောပေးလိုက်ပါ
ကြိုက်အောင်တော့
အတင်း မတိုက်တွန်းပါနဲ့ ။
အစစ် မဟုတ်သေးရင်
အတု လိုက်ရင်းနဲ့
တူပြီး အစစ် ဖြစ်သွားတယ်
ကောင်းတာကို အတု လိုက်ရင်
ကောင်းတာ ဖြစ်မယ်
ဒီလို နားလည်ရင်
မကောင်းတာကို အတု မလိုက်နဲ့ ။
လုပ်ကိုင်ချင်စိတ်ရယ်
ကျွမ်းကျင်မှုရယ် ရှိပြီး
လုပ်ကိုင်နေကျဆိုရင်
ဘာအလုပ်မဆို
လွယ်ကူသွားပါပြီ ။
ဆုံးဖြတ်ရဲသူကို ဇွတ်တရွတ်ဆန်တယ်
ချင့်ချိန်တတ်သူကို သူရဲဘောကြောင်တယ်
ရက်ရောသူကို လက်ဖွာတယ်
စည်းကမ်းနဲ့ပေးသူကို ကပ်စေနည်းတယ်
ဦးဆောင်နိုင်သူကို နေရာယူတယ်
ကျွမ်းကျင်သူကို လည်လွန်းတယ်လို့
အထင်မလွဲပါနဲ့။
skip to main |
skip to sidebar
အရပ်ဆယ်မျက်နှာ၌ရှိကြသော နတ်လူသတ္တ၀ါအားလုံးတို့သည် ဘေးရန်ရောဂါကင်းစင်ကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ
DOWNLOAD ရယူနိုင်သော စာအုပ်များ
- ကုသိုလ်နှင့် အကုသိုလ်
- ရုပ်စုံဗုဒ္ဓသာသနာဝင်
- ဇာတ်ကြီးဆယ်ဘွဲ့
- ကောင်းမှုတော်ဘုရားသမိုင်း
- အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့ဥစ္စာ
- အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့အလှူ
- အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့အဖေါ်
- အရှင်ဆန္ဓာဓိက _ အနိုင်းမဲ့ဘာဝနာ
- အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့ရဟန်း
- အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့ကုသိုလ်
- အရှင်ဆန္ဒာဓိက _ နှလုံးသားမိတ္တူ
- အရှင်ဆန္ဒာဓိက _ မိဘကျေးဇူးအကျေဆပ်နည်း
- အရှင်ဆန္ဒာဓိက _ အချစ်ကံခေပေမဲ့အနှစ်ကျန်စေရမယ်
- အရှင်ဆန္ဒာဓိက _ သက်သတ်လွတ်နှင့်ကုသိုလ်စိတ်
- အရှင်ဆန္ဒာဓိက _ လောက၌အကောင်းဆုံးသောအရာ
- သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာအမေးအဖြေများ
- ဓမ္မစကြာတရားတော်နှင့်အနတ္တလက္ခဏသုတ်တရားတော်
- ဗုဒ္ဓဟောမြွက်တရားဦးဓမ္မစက်
- မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ
- မေတ္တသုတ်
- ဗုဒ္ဓဘာသာကောင်းတစ်ယောက်
- သပြေကန်တရားပေါင်းချုပ် အမှတ် ၂
- သပြေကန်တရားပေါင်းချုပ် အမှတ် ၁
- နိဗ္ဗာန်ချမ်းသာ တရားတော်များ
- အဘိဓမ္မာပရမတ္ထသံခိပ်ကျမ်း သံပေါက်လင်္ကာ
- လယ်တီနိဗ္ဗာန်တရားတော်များ
- သောတာပန်ဖြစ်ဖို့နှစ်ချက်
- သစ္စာ၎ပါးတရားတော်
- ဗုဒ္ဓညွှန်ကြား မသေဆေးတရား
- ဓမ္မဒဿနသြ၀ါဒများ
- တရားချစ်တဲ့သူ
- ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ်
- ဗုဒ္ဓဘာသာစာရိတ္တပညာနှင့် ကျင့်ဝတ်များ
- ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်လူသူ တစ်ယောက်အကြောင်း
- ရောင်စုံရုပ်ပြပဋ္ဌာန်း၂၄ပစ္စည်းနှင့်ရှင်းချက်များ

0 comments:
Post a Comment